မြန်မာအလုပ်သမားများအနေနှင့် ရှိနေပြီးဖြစ်သောအခွင့်အေ၇းများကို ရယူနိုင်ရန် မှန်ကန် ရဲရင့်စွာ
ဆောင်ရွက်နိုင်ရမည်။ တချိန်က ထိုင်းနိုင်ငံတခုတည်းသာ အသိအမှတ်ပြုထားသောအလုပ်သမားဖြစ်
သော်လည်း ယခုအချိန်တွင် မြန်မာ ထိုင်းနှစ်နိုင်ငံ တရားဝင်အသိအမှတ်ပြုထားသော အလုပ်သမား
ဖြစ်နေပြီးဖြစ်သည်ကို သတိချပ်ရမည်။ မရနိုင်သောအခွင့်အရေးကို အဓမ္မ တောင်းဆိုမည်ဆိုလျှင်
မဖြစ်နိုင်သော်လည်း ဥပဒေပြဌာန်းပါ အလုပ်သမားအခွင့်အရေးကို ရယူတတ်ရန်လိုပါသည်။
ဥပမာ- ရနောင်းမြို့ မှအလုပ်သမား(၃)ဦး ၇က်ပေါင်း(၉၀)လက်မှတ်ထိုးပြီး ကီလို(၃၀၀)ဝေးသော
စူရပ်မြို့သို့အလည်လာကြသည်။ အပြန်တွင် ၄င်းအလုပ်သမား ယာယီနိုင်ငံကူးလက်မှတ်များ
တွင်ရှိသော ရက်ပေါင်း(၉၀)လက်မှတ်ထိုးစာရွက်သည် အတုဖြစ်သည်ဟုဆိုကာ စစ်တပ်၈ိတ်တွင်
အဖမ်းခံကြရပါသည်၊ စာရေးသူထံဖုန်းဆက်၍ အကူအညီတောင်းလာပါသည်။ မေးမြန်းကြည့်သော
အခါတွင် အားလုံးသော စာရွက်စာတမ်းများမှာ အစစ်အမှန်များသာဖြစ်ကြောင်းသိရသည်။ ထို့ကြောင့်
၎င်းတို့ကိုယ်တိုင် စစ်ဆေးသူများကို လေးစားစွာရှင်းလင်းပြရန်နှင့် မပြေလည်ခဲ့လျှင် ယခင်လက်မှတ်
ထိုးပေးခဲ့သော ရနောင်း လ၀က သို့ဖုန်းဆက်မေးမြန်းပါဟု ညွှန်ပြပေးခဲ့သည်။ (၃၀)မီးနစ်ခန့်အကြာ
ပြေလည်သွားကြောင်းဖုန်းဆက်လာပါသည်။ အထက်ပါအကြောင်းအရာနှင့်အလားတူများစွာ
ကြားသိခဲ့ရပါသည်။ အကြောင်းမှာ ယခင် တရားမ၀င်အလုပ်သမားအဖြစ် နှစ်ပေါင်းများစွာနေလာခဲ့ခြင်း
အချို့သော အလုပ်ရှင် ၊ပွဲစားများက မတရားပြုမူမှု့များကို ခံစားလာရမှုများလာသောအခါတွင် အမှန်
အတွက်ပြောဆိုရင်ဆိုင်ရန် မ၀ံရဲလာခြင်းသာဖြစ်သည်။

ไม่มีความคิดเห็น:
แสดงความคิดเห็น