ထိုင်းနိုင်ငံအတွင်း ယာယီနိုင်ငံကူးလက်မှတ်များထုတ်ပေးနေခြင်းကို (၁၄-၁၂-၂၀၁၂)နေ့တွင် အဆုံးသတ်
တော့မည်ဖြစ်ကြောင်း ထိုင်နိုင်ငံ အလုပ်သမားဝန်ကြီးဌာန မှ အမိန့်စာကို ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်၊မြို့နယ်
ကျေးရွာများရှိ လမ်းလေးဆုံများတွင်ကြော်ညာများကပ်ထားသည်ကို တွေ့ရပေသည်။ ထိုကြောင့် ယခင်
အလုပ်လုပ်ခွင့်ရှိထားကြသော (ထော်ရော် ၃၈/၁ - ငွေပြေစာဖြတ်ပိုင်း) အလုပ်သမားများသည် ယာယီ
နိုင်ငံကူးလက်မှတ်ရရှိရန်ဆောင်ရွက်မှု့များပိုများလာကြသကဲ့သို့ မည်သည့်အထောက်အထားမျှမရှိသော
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကလည်း ယာယီနိုင်ငံကူးလက်မှတ်ရရှိရန်ကျိုးစားကြပါတော့
သည်။ ထိုအခါတွင် ထိုင်းလူမျိုးပွဲစားများ၊ မြန်မာအလုပ်သမား ကိုယ်ကျိုးစီးပွါးရှာကြသူများပူုးပေါင်း၍
ဝိသမလောဘနှင့်စီးပွါးရှာကြပါတော့သည်။
မြန်မာနှင့်ထိုင်း နှစ်နိုင်ငံသဘောတူညီချက်အရ ထိုင်းနိုင်ငံအတွင်းသို့ မြန်မာအစိုးရ ပတ်စပို့ထုတ်
ပေးရေးရုံး လာရောက်ဖွင့်လှစ်ပေးခြင်းမှာ မြန်မာအလုပ်သမားများအတွက် ကုန်ကျစရိတ်၊ပင်ပန်းမှု့
များသက်သာစေရန်အတွက်ပင်ဖြစ်သည်၊ သို့သော်ယနေ့အချိန်အထိ ယာယီနိုင်ငံကူးလက်မှတ်ကိုထုတ်
ယူရာတွင် မြန်မာနိုင်ငံတော်က ဖြစ်စေဖြင်သည့် ဈေးနှုံးအဆင့်သို့ပင်မရောက်နိုင်သေးပေ၊ ယခုကဲ့သို့
အမိန့်ထွက်လာသောအချိန်တွင် မည်သည့်အထောက်အထားမျှမရှိသောအလုပ်သမားတဦးလျှင်
ဘတ်(၁၈၀၀၀ )(အလုပ်လုပ်ခွင့်-workpermit-ryg)နှင့် စာရွက်စာတမ်းများပြုလုပ်ကာ ယာယီနိုင်ငံ
ကူးလက်မှတ်များပြုလုပ်ပေးနေကြပါသည်။ အလုပ်လုပ်ခွင့်ပါ ပါလျှင် ဘတ်(၂၀၀၀၀)ကျော်ကုန်ကျသော
၎င်းပတ်စပို့သည် အစစ်၊အတု ဟုမပြောနိုင်သော်လည်း ရရှိနေကြသည်ကိုတော့မြင်တွေ့နေရသည်။
အစစ်အမှန်ဖြစ်လျှင် စာရွက်စာတမ်းအထောက်အထားမရှိသော မြန်မာအလုပ်သမားအတွက်ဝမ်းသာ
ရမည်ဖြစ်သည်၊ သို့သော် အကျိုးဆောင်ခထက် အဆများစွာတိုးထားသော ၀ိသမလောဘသမားများ၊
၎င်းတို့ကိုပံ့ပိုးပေးနေသော ကိုယ်ကျိုးရှာမြန်မာအလုပ်သမားအချိုးကြောင့် နောက်ဆုံး ခါးစည်းခံကြရ
သူများမှာ မြန်မာအလုပ်သမားများသာဖြစ်ကြပါသည်။
၈ျိမ်းဘွန်သရုပ်ဆောင်ခဲ့သော-License to kill ရုပ်ရှင်ကဲ့သို့ဖြစ်နေပေသည်၊ စေတနာကောင်းနှင့်
နှစ်နိုင်ငံဆောင်ရွက်ပေးခဲ့သော ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးသည် အချို့အလုပ်သမားများ
သားကောင်ဖြစ်ရပါတော့သည်။ စာရေးသူ ထိုင်းနိုင်ငံအတွင်းနေခဲ့သော(၁၄)နှစ်ကျော်အတွင်းလေ့လာ
ရသမျှ- ထိုင်းနိုင်ငံတွင် ဗဟိုအစိုးရ က ပြည်နယ်အစိုးရကို ထိမ်းချုပ်နိုင်မှု့နည်းခြင်းသည်လည်းအကြောင်း
အရာတခုဖြစ်သည်။ ယခုထိုင်းလူမျိုးပွဲစားများနှင့်ပူးပေါင်း၍ မတန်တဆဈေးနှုံးများဖြစ်အောင်ဆက်သွယ်
ပေးနေသော အချို့အလုပ်သမားများသည်လည်း အလုပ်လုပ်ခွင့်(workpermit) နှင့်မဆိုင်သော လူရှာပေး
ခြင်း၊နယ်စပ်မှလူခေါ်ပေးခြင်းများကိုပါဆောင်ရွက်လာကြပါတော့သည်။ ထိုကြောင့် လူကုန်ကူးမှု့ တိုက်
ဖျက်နေချိန်တွင် အနှောက်အယှက်တခုအဖြစ်ပေါ်ပေါက်လာခြင်းကို ၀မ်းနည်းဘွယ်တွေ့ရပါသည်။

ไม่มีความคิดเห็น:
แสดงความคิดเห็น