วันพุธที่ 3 ตุลาคม พ.ศ. 2555

နယ်စပ်ဖြတ်ကျော် ထွက်ခြင်း-၀င်ခြင်း

knowledge   တရားမ၀င် ရောက်ရှိနေထိုင်ခြင်းကြောင့် များစွာသောလူမှု့ဒုက္ခများနှင့် လူ့အခွင့်အရေး
ဆုံးရှုံးမှု့ပေါင်းများစွာကို မြန်မာအလုပ်သမားပေါင်းများစွာခံစားခဲ့ကြရပြီး၊ ဆက်လက်၍ ခံစားနေကြရဦး
မည်လည်းဖြစ်သည်၊   ထိုကြောင့်သက်ဆိုင်ရာနိုင်ငံများက- တရားမ၀င်နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခြင်း၊လူမှောင်ခိုကူးမှု့များကိုတားဆီးခြင်းများကိုဆောင်ရွက်လာ
ကြရသည်၊ ထိုအတူ မူးယစ်ဆေး သယ်ဆောင်ရောင်းဝယ်ခြင်းများလည်းပိုမိုများပြားလာသည်။ မည်သို့ပင်
ဖြစ်စေ တရားမ၀င်နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခြင်းနှင့် လူမှောင်ခိုကူးခြင်းများကအခြေခံ၍ အခြားသော
လုံခြုံရေး ထိခိုက်စေသည့်အချက်များဆက်နွယ်ပါဝင်လာကြခြင်းဖြစ်သည်။
ထိုကြောင့် ဥပဒေကို မသိ၍ကျူးလွန်သည်ဖြစ်စေ၊သိလျက်နှင့် အကြောင်းအမျိုးမျိုးကြောင့်ကျူးလွန်သည်
ဖြစ်စေ ဥပဒေ၏အဆုံးအဖြတ်ကိုရှောင်ကွင်း၍မရနိုင်ချေ၊
 နိုင်ငံတော်တရားရုံးချုပ်၏ ၁၁-၁၁-၁၉၆၈ နေ့စွဲပါ စာအမှတ် ၁၀၇/၂၀-၇၉(၆၈)အရ တရားသူကြီးများ
အားလုံးသို့ အောက်ပါအတိုင်းညွှန်ကြားထားသည်။
နယ်စပ်တဖက်သို့ မတရားခိုးထွက်သွားပြီး ဥပဒေမဲ့ပြန်ဝင်လာကြသော မြန်မာနိုင်ငံသားများအပေါ်
လူဝင်မှု့ကြီးကြပ်ရေး အက်ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးကိစ္စ-
(၁) လူဝင်မှု့ကြီးကြပ်ရေးအက်ဥပဒေအရ တရားစွဲဆိုသောအမှု့များတွင် တရားရုံးများက ထိရောက်စွာ
ပြစ်ဒဏ်ချမှတ်ရန် တရားရုံးချုပ် ညွှန်ကြားလွှာအမှတ် ၂/၆၆ ဖြင့် စက်ရှင်တရားသူကြီးများ၊ခရိုင်ရာဇ၀တ်
တရားသူကြီးများ၊အထူးရာဇ၀တ်တရားသူကြီးများထံ ညွှန်ကြားခဲ့ပြီးဖြစ်ပါသည်။
(၂) အထူးသဖြင့်နယ်ခြားတဖက်သို့ ဥပဒေမဲ့ခိုးထွက်သွားပြီး ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသား
များအား လူဝင်မှု့ကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၃(၁)အရ စွဲဆိုသောအမှု့များတွင် ဟန့်တားလောက်သော
ပြစ်ဒဏ်ချမှတ်ရန်လိုအပ်သည်။ထိုသိုသောပြစ်မှု့မျိုးတွင် ငွေဒဏ်မျှသာပေးဆောင်စေခြင်းဖြင့် ကျူးလွန်ခဲ့သူ
များအဖို့ ၄င်းတို့ကျူးလွန်ခဲ့သောပြစ်မှု့ကိုပေါ့ဆစွာ သဘောထားသည့်အပြင် နောက်ထပ်ကျူးလွန်ရန်လည်း
ဝန်လေးကြမည်မဟုတ်ပေ။
(၃) နယ်ခြားတဖက်သို့ဥပဒေမဲ့ သွားရောက်ခြင်း၊ပြန်လည်ဝင်ရောက်ခြင်းများသည် မြန်မာနိုင်ငံ၏လုံခြုံရေး၊
လူမှု့ရေး၊ယဉ်ကျေးမှု့များကိုပါ ထိခိုင်စေသည်ဖြစ်ရာ ပြစ်မှု့များထင်ရှားပါလျှင် လူဝင်မှု့ကြီးကြပ်ရေးအက်ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ထိရောက်ဟန့်တားလောက်သော ပြစ်ဒဏ်
ချမှတ်ပေးကြရန် ညွှန်ကြားထားပြီးဖြစ်သည်။
    ထိုကြောင့်မြန်မာလူမျိုးများအနေဖြင့်ဆင်ခြင်သုံးသပ်သွားနိုင်ရန်သာ တင်ပြရခြင်းဖြစ်ပါသည်။

             

ไม่มีความคิดเห็น:

แสดงความคิดเห็น