ထိုင်းနိုင်ငံအတွင်းရောက်ရှိနေကြသော မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံအတွင်း အလုပ်သမားများဖြစ်ပျက်မှု့များကို သိရှိနိုင်၇န်
วันจันทร์ที่ 24 ธันวาคม พ.ศ. 2555
วันพฤหัสบดีที่ 29 พฤศจิกายน พ.ศ. 2555
ရွေ့ပြောင်းအလုပ်သမားများသိရန်
(၂၆-၁၁-၂၀၁၂) နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ swiss hotel LE CONCORD HOTEL တွင်
ကျင်းပသော (၁၂)ကြိမ်မြောက် ထိုင်းနိုင်ငံ မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးများအစည်းအဝေး တွင် ထိုင်းအလုပ်သမား ဒုဝန်ကြီးမှ အတည်ပြု ပြောကြားရာတွင်- ရွေ့ပြောင်းအလုပ်သမားများ၏ ပတ်စပို့
- စာရွက်စာတမ်းများကို အလုပ်ရှင်များမှသိမ်းထားလျင် ဥပဒေ အရ တိုင်ကြားနိုင်ကြောင်းပြောကြားခဲ့သည်။ ထိုင်းဒုဝန်ကြီး ပြောခဲ့သည့် စကားအတိုင်းအကောင်အထည်
ဖေါ်နိုင်မည်လော - ထိုင်းဒုဝန်ကြီးပြောသည့်စကားအပေါ်တွင် သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်
မည်မျှလိုက်နာကြမည်လော ဆိုသည်မှာစဉ်းသးစရာဖြစ်နေပါသည်။
ဥပမာ ဆိုရလျှင် နိုင်ငံကူးလက်မှတ်ရှိနေပြီး ယာဉ်မောင်းလိုင်စင်မရှိသူကို စစ်ဆေးတွေ့ရှိသည့်အခါတွင်
ယာဉ်မောင်းလိုင်စင်မရှိသည့်အတွက် ဒဏ်ငွေတပ်ရန်သာရှိသော်လည်း ၄င်းကားကိုသိမ်းနိုင်သည်ဟူသော
မရှိသည့် ဥပဒေဖြင့် ခြိမ်းခြောက်ခြင်း။
ယာယီနိုင်ငံကူးပြုလုပ်ရန် ယာယီနိုင်ငံကူးပြုလုပ်ပေးသောရုံးသို့ သွားသောမြန်မာအလုပ်သမား
များ၏ကားကိုစစ်ဆေးရာတွင်လည်း ထိုင်းနိုင်ငံ၏အမြင့်ဆုံးဌာန (မဟာထိုင်း)မှထုတ်ပေးထားသော
အမိန့်စာရွက်များ၊ မြန်မာအလုပ်သမားတိုင်းတွင်လည်း စာရွက်စာတမ်းအထောက်အထားများပြနိုင်
ပါသော်လည်း စူရပ်ဌာနီခရိုင်တွင် ဘတ်ငွေ(၁၅၀၀၀)တောင်းယူလိုက်ခြင်းများသည် ဗဟိုအစိုးရ၏
အာဏာသည် ပြည်နယ်အစိုးရများသို့ သက်ရောက်မှု့မရှိကြောင်းသက်သေပြသလိုမြင်နေရသည်။

วันจันทร์ที่ 12 พฤศจิกายน พ.ศ. 2555
သားကောင်ဖြစ်နေကြရသောအလုပ်သမားအချို့-
ထိုင်းနိုင်ငံအတွင်း ယာယီနိုင်ငံကူးလက်မှတ်များထုတ်ပေးနေခြင်းကို (၁၄-၁၂-၂၀၁၂)နေ့တွင် အဆုံးသတ်
တော့မည်ဖြစ်ကြောင်း ထိုင်နိုင်ငံ အလုပ်သမားဝန်ကြီးဌာန မှ အမိန့်စာကို ထိုင်းနိုင်ငံအတွင်းရှိ ခရိုင်၊မြို့နယ်
ကျေးရွာများရှိ လမ်းလေးဆုံများတွင်ကြော်ညာများကပ်ထားသည်ကို တွေ့ရပေသည်။ ထိုကြောင့် ယခင်
အလုပ်လုပ်ခွင့်ရှိထားကြသော (ထော်ရော် ၃၈/၁ - ငွေပြေစာဖြတ်ပိုင်း) အလုပ်သမားများသည် ယာယီ
နိုင်ငံကူးလက်မှတ်ရရှိရန်ဆောင်ရွက်မှု့များပိုများလာကြသကဲ့သို့ မည်သည့်အထောက်အထားမျှမရှိသော
ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများကလည်း ယာယီနိုင်ငံကူးလက်မှတ်ရရှိရန်ကျိုးစားကြပါတော့
သည်။ ထိုအခါတွင် ထိုင်းလူမျိုးပွဲစားများ၊ မြန်မာအလုပ်သမား ကိုယ်ကျိုးစီးပွါးရှာကြသူများပူုးပေါင်း၍
ဝိသမလောဘနှင့်စီးပွါးရှာကြပါတော့သည်။
မြန်မာနှင့်ထိုင်း နှစ်နိုင်ငံသဘောတူညီချက်အရ ထိုင်းနိုင်ငံအတွင်းသို့ မြန်မာအစိုးရ ပတ်စပို့ထုတ်
ပေးရေးရုံး လာရောက်ဖွင့်လှစ်ပေးခြင်းမှာ မြန်မာအလုပ်သမားများအတွက် ကုန်ကျစရိတ်၊ပင်ပန်းမှု့
များသက်သာစေရန်အတွက်ပင်ဖြစ်သည်၊ သို့သော်ယနေ့အချိန်အထိ ယာယီနိုင်ငံကူးလက်မှတ်ကိုထုတ်
ယူရာတွင် မြန်မာနိုင်ငံတော်က ဖြစ်စေဖြင်သည့် ဈေးနှုံးအဆင့်သို့ပင်မရောက်နိုင်သေးပေ၊ ယခုကဲ့သို့
အမိန့်ထွက်လာသောအချိန်တွင် မည်သည့်အထောက်အထားမျှမရှိသောအလုပ်သမားတဦးလျှင်
ဘတ်(၁၈၀၀၀ )(အလုပ်လုပ်ခွင့်-workpermit-ryg)နှင့် စာရွက်စာတမ်းများပြုလုပ်ကာ ယာယီနိုင်ငံ
ကူးလက်မှတ်များပြုလုပ်ပေးနေကြပါသည်။ အလုပ်လုပ်ခွင့်ပါ ပါလျှင် ဘတ်(၂၀၀၀၀)ကျော်ကုန်ကျသော
၎င်းပတ်စပို့သည် အစစ်၊အတု ဟုမပြောနိုင်သော်လည်း ရရှိနေကြသည်ကိုတော့မြင်တွေ့နေရသည်။
အစစ်အမှန်ဖြစ်လျှင် စာရွက်စာတမ်းအထောက်အထားမရှိသော မြန်မာအလုပ်သမားအတွက်ဝမ်းသာ
ရမည်ဖြစ်သည်၊ သို့သော် အကျိုးဆောင်ခထက် အဆများစွာတိုးထားသော ၀ိသမလောဘသမားများ၊
၎င်းတို့ကိုပံ့ပိုးပေးနေသော ကိုယ်ကျိုးရှာမြန်မာအလုပ်သမားအချိုးကြောင့် နောက်ဆုံး ခါးစည်းခံကြရ
သူများမှာ မြန်မာအလုပ်သမားများသာဖြစ်ကြပါသည်။
၈ျိမ်းဘွန်သရုပ်ဆောင်ခဲ့သော-License to kill ရုပ်ရှင်ကဲ့သို့ဖြစ်နေပေသည်၊ စေတနာကောင်းနှင့်
နှစ်နိုင်ငံဆောင်ရွက်ပေးခဲ့သော ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးသည် အချို့အလုပ်သမားများ
သားကောင်ဖြစ်ရပါတော့သည်။ စာရေးသူ ထိုင်းနိုင်ငံအတွင်းနေခဲ့သော(၁၄)နှစ်ကျော်အတွင်းလေ့လာ
ရသမျှ- ထိုင်းနိုင်ငံတွင် ဗဟိုအစိုးရ က ပြည်နယ်အစိုးရကို ထိမ်းချုပ်နိုင်မှု့နည်းခြင်းသည်လည်းအကြောင်း
အရာတခုဖြစ်သည်။ ယခုထိုင်းလူမျိုးပွဲစားများနှင့်ပူးပေါင်း၍ မတန်တဆဈေးနှုံးများဖြစ်အောင်ဆက်သွယ်
ပေးနေသော အချို့အလုပ်သမားများသည်လည်း အလုပ်လုပ်ခွင့်(workpermit) နှင့်မဆိုင်သော လူရှာပေး
ခြင်း၊နယ်စပ်မှလူခေါ်ပေးခြင်းများကိုပါဆောင်ရွက်လာကြပါတော့သည်။ ထိုကြောင့် လူကုန်ကူးမှု့ တိုက်
ဖျက်နေချိန်တွင် အနှောက်အယှက်တခုအဖြစ်ပေါ်ပေါက်လာခြင်းကို ၀မ်းနည်းဘွယ်တွေ့ရပါသည်။

วันศุกร์ที่ 2 พฤศจิกายน พ.ศ. 2555
မြန်မာအလုပ်သမားများသို့-
မြန်မာအလုပ်သမားများအနေနှင့် ရှိနေပြီးဖြစ်သောအခွင့်အေ၇းများကို ရယူနိုင်ရန် မှန်ကန် ရဲရင့်စွာ
ဆောင်ရွက်နိုင်ရမည်။ တချိန်က ထိုင်းနိုင်ငံတခုတည်းသာ အသိအမှတ်ပြုထားသောအလုပ်သမားဖြစ်
သော်လည်း ယခုအချိန်တွင် မြန်မာ ထိုင်းနှစ်နိုင်ငံ တရားဝင်အသိအမှတ်ပြုထားသော အလုပ်သမား
ဖြစ်နေပြီးဖြစ်သည်ကို သတိချပ်ရမည်။ မရနိုင်သောအခွင့်အရေးကို အဓမ္မ တောင်းဆိုမည်ဆိုလျှင်
မဖြစ်နိုင်သော်လည်း ဥပဒေပြဌာန်းပါ အလုပ်သမားအခွင့်အရေးကို ရယူတတ်ရန်လိုပါသည်။
ဥပမာ- ရနောင်းမြို့ မှအလုပ်သမား(၃)ဦး ၇က်ပေါင်း(၉၀)လက်မှတ်ထိုးပြီး ကီလို(၃၀၀)ဝေးသော
စူရပ်မြို့သို့အလည်လာကြသည်။ အပြန်တွင် ၄င်းအလုပ်သမား ယာယီနိုင်ငံကူးလက်မှတ်များ
တွင်ရှိသော ရက်ပေါင်း(၉၀)လက်မှတ်ထိုးစာရွက်သည် အတုဖြစ်သည်ဟုဆိုကာ စစ်တပ်၈ိတ်တွင်
အဖမ်းခံကြရပါသည်၊ စာရေးသူထံဖုန်းဆက်၍ အကူအညီတောင်းလာပါသည်။ မေးမြန်းကြည့်သော
အခါတွင် အားလုံးသော စာရွက်စာတမ်းများမှာ အစစ်အမှန်များသာဖြစ်ကြောင်းသိရသည်။ ထို့ကြောင့်
၎င်းတို့ကိုယ်တိုင် စစ်ဆေးသူများကို လေးစားစွာရှင်းလင်းပြရန်နှင့် မပြေလည်ခဲ့လျှင် ယခင်လက်မှတ်
ထိုးပေးခဲ့သော ရနောင်း လ၀က သို့ဖုန်းဆက်မေးမြန်းပါဟု ညွှန်ပြပေးခဲ့သည်။ (၃၀)မီးနစ်ခန့်အကြာ
ပြေလည်သွားကြောင်းဖုန်းဆက်လာပါသည်။ အထက်ပါအကြောင်းအရာနှင့်အလားတူများစွာ
ကြားသိခဲ့ရပါသည်။ အကြောင်းမှာ ယခင် တရားမ၀င်အလုပ်သမားအဖြစ် နှစ်ပေါင်းများစွာနေလာခဲ့ခြင်း
အချို့သော အလုပ်ရှင် ၊ပွဲစားများက မတရားပြုမူမှု့များကို ခံစားလာရမှုများလာသောအခါတွင် အမှန်
အတွက်ပြောဆိုရင်ဆိုင်ရန် မ၀ံရဲလာခြင်းသာဖြစ်သည်။

วันพุธที่ 3 ตุลาคม พ.ศ. 2555
နယ်စပ်ဖြတ်ကျော် ထွက်ခြင်း-၀င်ခြင်း
knowledge တရားမ၀င် ရောက်ရှိနေထိုင်ခြင်းကြောင့် များစွာသောလူမှု့ဒုက္ခများနှင့် လူ့အခွင့်အရေး
ဆုံးရှုံးမှု့ပေါင်းများစွာကို မြန်မာအလုပ်သမားပေါင်းများစွာခံစားခဲ့ကြရပြီး၊ ဆက်လက်၍ ခံစားနေကြရဦး
မည်လည်းဖြစ်သည်၊ ထိုကြောင့်သက်ဆိုင်ရာနိုင်ငံများက- တရားမ၀င်နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခြင်း၊လူမှောင်ခိုကူးမှု့များကိုတားဆီးခြင်းများကိုဆောင်ရွက်လာ
ကြရသည်၊ ထိုအတူ မူးယစ်ဆေး သယ်ဆောင်ရောင်းဝယ်ခြင်းများလည်းပိုမိုများပြားလာသည်။ မည်သို့ပင်
ဖြစ်စေ တရားမ၀င်နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခြင်းနှင့် လူမှောင်ခိုကူးခြင်းများကအခြေခံ၍ အခြားသော
လုံခြုံရေး ထိခိုက်စေသည့်အချက်များဆက်နွယ်ပါဝင်လာကြခြင်းဖြစ်သည်။
ထိုကြောင့် ဥပဒေကို မသိ၍ကျူးလွန်သည်ဖြစ်စေ၊သိလျက်နှင့် အကြောင်းအမျိုးမျိုးကြောင့်ကျူးလွန်သည်
ဖြစ်စေ ဥပဒေ၏အဆုံးအဖြတ်ကိုရှောင်ကွင်း၍မရနိုင်ချေ၊
နိုင်ငံတော်တရားရုံးချုပ်၏ ၁၁-၁၁-၁၉၆၈ နေ့စွဲပါ စာအမှတ် ၁၀၇/၂၀-၇၉(၆၈)အရ တရားသူကြီးများ
အားလုံးသို့ အောက်ပါအတိုင်းညွှန်ကြားထားသည်။
နယ်စပ်တဖက်သို့ မတရားခိုးထွက်သွားပြီး ဥပဒေမဲ့ပြန်ဝင်လာကြသော မြန်မာနိုင်ငံသားများအပေါ်
လူဝင်မှု့ကြီးကြပ်ရေး အက်ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေးကိစ္စ-
(၁) လူဝင်မှု့ကြီးကြပ်ရေးအက်ဥပဒေအရ တရားစွဲဆိုသောအမှု့များတွင် တရားရုံးများက ထိရောက်စွာ
ပြစ်ဒဏ်ချမှတ်ရန် တရားရုံးချုပ် ညွှန်ကြားလွှာအမှတ် ၂/၆၆ ဖြင့် စက်ရှင်တရားသူကြီးများ၊ခရိုင်ရာဇ၀တ်
တရားသူကြီးများ၊အထူးရာဇ၀တ်တရားသူကြီးများထံ ညွှန်ကြားခဲ့ပြီးဖြစ်ပါသည်။
(၂) အထူးသဖြင့်နယ်ခြားတဖက်သို့ ဥပဒေမဲ့ခိုးထွက်သွားပြီး ပြန်လည်ဝင်ရောက်လာသော မြန်မာနိုင်ငံသား
များအား လူဝင်မှု့ကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၁၃(၁)အရ စွဲဆိုသောအမှု့များတွင် ဟန့်တားလောက်သော
ပြစ်ဒဏ်ချမှတ်ရန်လိုအပ်သည်။ထိုသိုသောပြစ်မှု့မျိုးတွင် ငွေဒဏ်မျှသာပေးဆောင်စေခြင်းဖြင့် ကျူးလွန်ခဲ့သူ
များအဖို့ ၄င်းတို့ကျူးလွန်ခဲ့သောပြစ်မှု့ကိုပေါ့ဆစွာ သဘောထားသည့်အပြင် နောက်ထပ်ကျူးလွန်ရန်လည်း
ဝန်လေးကြမည်မဟုတ်ပေ။
(၃) နယ်ခြားတဖက်သို့ဥပဒေမဲ့ သွားရောက်ခြင်း၊ပြန်လည်ဝင်ရောက်ခြင်းများသည် မြန်မာနိုင်ငံ၏လုံခြုံရေး၊
လူမှု့ရေး၊ယဉ်ကျေးမှု့များကိုပါ ထိခိုင်စေသည်ဖြစ်ရာ ပြစ်မှု့များထင်ရှားပါလျှင် လူဝင်မှု့ကြီးကြပ်ရေးအက်ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ထိရောက်ဟန့်တားလောက်သော ပြစ်ဒဏ်
ချမှတ်ပေးကြရန် ညွှန်ကြားထားပြီးဖြစ်သည်။
ထိုကြောင့်မြန်မာလူမျိုးများအနေဖြင့်ဆင်ခြင်သုံးသပ်သွားနိုင်ရန်သာ တင်ပြရခြင်းဖြစ်ပါသည်။

วันเสาร์ที่ 29 กันยายน พ.ศ. 2555
วันศุกร์ที่ 28 กันยายน พ.ศ. 2555
အမှတ်တရ-
မြန်မာအလုပ်သမား၏သား-သမီးများအား အခမဲ့စာပေသင်ကြားပေးနေသောစာသင်ခမ်းရှိသည့်
စူရပ်ဌာနီခရိုင်၊ဖိုးဝိုင်ဘုန်းတော်ကြီးကျောင်းတွင် သံဃာတော်များအား ၀တ္တုငွေ ကပ်လှူကြစဉ်။
knowledge မြန်မာအလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်း နှင့် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးဦးအောင်သိန်း တို့က စူရပ်ဌာနီခရိုင်၊ရာဘာစက်ရုံတရုံတွင် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရခြင်း
အကြောင်းကိုရှင်းလင်းပြစဉ်။
วันอังคารที่ 14 สิงหาคม พ.ศ. 2555
knowledge: ယာယီနိုင်ငံကူးလက်မှတ်(Temporary Passport)
knowledge: ယာယီနိုင်ငံကူးလက်မှတ်(Temporary Passport): ဟတ်ဒရိုင်နယ်-စွန်ခလာရှိ PTN စက်ရုံ အလုပ်သမားများအတွက်ထိုင်းနိုင်ငံဆိုင်ရာမြန်မာနိုင်ငံသံမှူးကြီး ဦးမျိုးတင့်
အလုပ်သမားအရာရှိ ဦးကျော်ကျော်လွင် နှင့်အတူ သွားရောက်ဆွေးနွေးခဲ့စဉ်။

ယာယီနိုင်ငံကူးလက်မှတ်(Temporary Passport)
ဟတ်ဒရိုင်နယ်-စွန်ခလာရှိ PTN စက်ရုံ အလုပ်သမားများအတွက် အလုပ်သမားအရာရှိ ဦးကျော်ကျော်လွင်
နှင့်အတူ သွားရောက်ဆွေးနွေးခဲ့စဉ်။
နှင့်အတူ သွားရောက်ဆွေးနွေးခဲ့စဉ်။
ယာယီနိုင်ငံကူးလက်မှတ်(Temporary Passport)
ထိုင်းနိုင်ငံတွင်ရောက်ရှိနေကြသော မြန်မာအလုပ်သမားများအတွက် ယာယီနိုင်ငံကူးလက်မှတ်ပုံစံ(၁)
ယာယီနိုင်ငံကူးလက်မှတ်ကို အမြင်ကြည်ကြည်ဖြင့်ပြုလုပ်ကြရန် ဆွေးနွေးပြောကြားစဉ်။

knowledge: ရွေပြောင်းအလုပ်သမားများအတွက်-
knowledge: ရွေပြောင်းအလုပ်သမားများအတွက်-: ရွေ့ပြောင်းမြန်မာအလုပ်သမားများအားလုံးတရားဝင်ဖြစ်ရမည်၊ No Migrant Worker is illegal. - မြန်မာအလုပ်သမားများ ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်ရေးအတွက်
ပုဇွန်မွေးကန်တနေရာတွင်ရှင်းလင်းနေစဉ်။
ပုဇွန်မွေးကန်တနေရာတွင်ရှင်းလင်းနေစဉ်။
knowledge: ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်...
knowledge: ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ရာတွင်- ထိုင်းနိုင်ငံ မြို့ပိုင်ရုံးမှထုတ်ပေးထားသော ထော်ရော်(၃၈/၁) နှင့်ထိုင်းအလုပ်သမား
ဝန်ကြီးဌာနမှထုတ်ပေးထားသော ငွေပြေစာဖြတ်ပိုင်းလိုပါသည်။
ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်ရေးအတွက် ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများသိရှိနိုင်ရန် ရာဘာ စက်ရုံတရုံတွင်
ရှင်းလင်းနေစဉ်။
สมัครสมาชิก:
บทความ (Atom)