(၂၆-၁၁-၂၀၁၂) နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ swiss hotel LE CONCORD HOTEL တွင်
ကျင်းပသော (၁၂)ကြိမ်မြောက် ထိုင်းနိုင်ငံ မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးများအစည်းအဝေး တွင် ထိုင်းအလုပ်သမား ဒုဝန်ကြီးမှ အတည်ပြု ပြောကြားရာတွင်- ရွေ့ပြောင်းအလုပ်သမားများ၏ ပတ်စပို့
- စာရွက်စာတမ်းများကို အလုပ်ရှင်များမှသိမ်းထားလျင် ဥပဒေ အရ တိုင်ကြားနိုင်ကြောင်းပြောကြားခဲ့သည်။ ထိုင်းဒုဝန်ကြီး ပြောခဲ့သည့် စကားအတိုင်းအကောင်အထည်
ဖေါ်နိုင်မည်လော - ထိုင်းဒုဝန်ကြီးပြောသည့်စကားအပေါ်တွင် သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်
မည်မျှလိုက်နာကြမည်လော ဆိုသည်မှာစဉ်းသးစရာဖြစ်နေပါသည်။
ဥပမာ ဆိုရလျှင် နိုင်ငံကူးလက်မှတ်ရှိနေပြီး ယာဉ်မောင်းလိုင်စင်မရှိသူကို စစ်ဆေးတွေ့ရှိသည့်အခါတွင်
ယာဉ်မောင်းလိုင်စင်မရှိသည့်အတွက် ဒဏ်ငွေတပ်ရန်သာရှိသော်လည်း ၄င်းကားကိုသိမ်းနိုင်သည်ဟူသော
မရှိသည့် ဥပဒေဖြင့် ခြိမ်းခြောက်ခြင်း။
ယာယီနိုင်ငံကူးပြုလုပ်ရန် ယာယီနိုင်ငံကူးပြုလုပ်ပေးသောရုံးသို့ သွားသောမြန်မာအလုပ်သမား
များ၏ကားကိုစစ်ဆေးရာတွင်လည်း ထိုင်းနိုင်ငံ၏အမြင့်ဆုံးဌာန (မဟာထိုင်း)မှထုတ်ပေးထားသော
အမိန့်စာရွက်များ၊ မြန်မာအလုပ်သမားတိုင်းတွင်လည်း စာရွက်စာတမ်းအထောက်အထားများပြနိုင်
ပါသော်လည်း စူရပ်ဌာနီခရိုင်တွင် ဘတ်ငွေ(၁၅၀၀၀)တောင်းယူလိုက်ခြင်းများသည် ဗဟိုအစိုးရ၏
အာဏာသည် ပြည်နယ်အစိုးရများသို့ သက်ရောက်မှု့မရှိကြောင်းသက်သေပြသလိုမြင်နေရသည်။