knowledge ထိုင်းနိုင်ငံအတွင်းရှိမြန်မာအလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ်စတင်လုပ်ပေးသောအချိန်မှစ၍
ထိုင်းနှင့်မြန်မာလူမျိုး အချို့သည် အကျိုးဆောင်ပေးရာတွင်ပါဝင်လာကြသည် ထိုအခါ မြန်မာအလုပ်သမားများ ယာယီ
နိုင်ငံကူးလက်မှတ်ကို၇ရှိခဲ့ကြသူများလည်းများစွာရှိပါသည်။ သို့သော် အချို့သော အတ္တကိုဦးစားပေးသူများကြောင့်မြန်မာ
အလုပ်သမားများစွာမှာ ငွေကုန်ခြင်း၊စိတ်ဆင်းရဲရခြင်း၊သက်သေအထောက်အထားများပျောက်ဆုံးခြင်း၊အလုပ်သမား
ကဒ်သက်တမ်းကျော်လွန်သွားခြင်းများကို တွေ့မြင်သိရှိ၇ပါသည်။
(က) မြန်မာအလုပ်သမားများအားယာယီနိုင်ငံကူးလက်မှတ်လုပ်ဆောင်ပေးမည်ဟုဆိုကာစာရွက်စာတမ်းများနှင့်အတူ
အကျိုးဆောင်ခ တောင်းယူကြရာ-
(၁) အချို့အကျိုးဆောင်သူများမှာ- စာရွက်စာတမ်းများမှာ အတုဟုပြောဆိုကာ လမ်းစ ကိုအဆုံးသတ်သွားခဲ့သည်
သို့သော် ကြိုတင်ပေးထားသောလျောက်လွှာတင်ခငွေ ဆုံးရှုံးသွားတော့သည်။
(၂) အချို့သောအကျိုးဆောင်သူများမှာ- ပထမလျောက်လွှာတင်ခငွေ တောင်းယူပြီး - မကြာခင် မှာပင် တင်ထား
သောလျောက်လွှာပြန်ကြလာပြီဟု ဆိုကာ ကျန်သောငွေကိုပါ တောင်းယူသွားပါသည်။ ထိုနောက်
ရနောင်းလမ်းပိတ်ထားသည်ဟူ၍၄င်း၊ သံရုံးပိတ်ထားသည်ဟူ၍၄င်း မဆီမဆိုင်သောအကြောင်းပြ
ချက်ဖြင့် လိမ်လည်မှု့ပြုပါတော့သည်။ မြန်မာအလုပ်သမားများမှာ အချို.ငွေပြန်ရကြပြီး၊ အချို့ပေးထား
ငွေဆုံးရှုံးသွားကြပါသည်၊
(၃) ယာယီနိုင်ငံကူးလက်မှတ်အချို့သည် သက်တမ်း(၃)နှစ်ရရှိထားခဲ့ပြီး၊ဗီဇာ(၂)နှစ်ကုန်လျှင် နောက်ထပ်
ဗီဇာ(၂)နှစ်ရရှိရန်အတွက် သက်တမ်းမှာ(၁)နှစ်သာကျန်သည့်အတွက် သက်တမ်းနောက်ထပ်(၃)နှစ်
တိုးရန်လိုမည်ဖြစ်ပါသည်။ ယခင်(၃)နှစ် နောက်(၃)နှစ်ထပ်၍ တိုးခြင်းသာလျှင်ဖြစ်ပါသည်၊
ဤအချက်ကို နားလည်မှု့လွဲမှားစေ့ဆော်ခြင်းသော်၎င်း၊ အမှန်ကိုမလေ့လာ၍သော်၎င်း
နောက်ထပ်သက်တမ်း(၆)နှစ်တိုးပေးသည် ဟူ၍စာကပ်ကြေငြာထားသည်များလည်ရှိနေကြပါသည်။
မြန်မာအလုပ်သမားများအနေဖြင့် ၀မ်းရေးအတွက်ငွေကိုပင်ပန်းစွာ ရှာဖွေနေကြရသည်ကို ငဲ့ညှာလျှက်
မှန်ကန်စွာလမ်းညွှန်ျွှု့ပေးပါ၊ သင့်တော်သောအကျိုးဆောင်ခကို ယူစေခြင်းဖြင့် မြန်မာအလုပ်သမားများ
အပေါ်ကူညီမှု့ပေးနိုင်ကြပါစေ
ไม่มีความคิดเห็น:
แสดงความคิดเห็น