วันพุธที่ 14 กันยายน พ.ศ. 2554

ဥပဒေရေးရာ(၂)

knowledge (က) မြန်မာနိုင်ငံမှအပသို့ လူကိုခိုးယူခြင်း။
ဤပုဒ်မသည် ပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ လူကိုခိုးယူမှု့အား အဓိပ္ပါယ်ဖွင့်ဆိုထားသော
ပုဒ်မဖြစ်သည်။ လူတဦးတယောက်အားထိုသူ၏ သလာတူညီချက်မရှိဘဲ ပြည်ထောင်စုမြန်မာနိုင်ငံ၏ နယ်နမိတ်ကို
ကျော်၍ထုတ်ဆောင်လျှင် ဤပုဒ်မအရပြစ်မှု့မြောက်သည်။ ယောက်ကျားဖြစ်စေ၊မိန်းမဖြစ်စေ၊အရွယ်ရောက်သည်
ဖြစ်စေ၊အရွယ်မရောက်သည်ဖြစ်စေ၊မည်သည့်လူမျိုးပင်ဖြစ်စေ၊ပြည်ထောင်စုမြန်မာနိုင်ငံပြင်ပသို့ ၄င်းကိုယ်တိုင်သဘော
မတူဘဲထုတ်ဆောင်လျှင် ဤပုဒ်မနှင့် အကျုံးဝင်မည်ဖြစ်သည်။ ထုတ်ဆောင်ခြင်းခံရသူသည် မြန်မာနိုင်ငံသားဖြစ်ရန်မလို
မြန်မာပြည်၌ အမြဲနေထိုင်သူဖြစ်ရန်မလို။
ဤပုဒ်မနှင့်အကျုံးဝင်ရန်အ၈င်္ါ(၃)ရပ်လိုပေသည်။
(၁)ထိုသူ၏သဘောမတူဘဲ (၂)ပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ (၃)ထုတ်ဆောင်ခြင်း ဖြစ်သည်။
(၁) ထိုသူ၏သဘောမတူဘဲ ဆိုရာတွင် လူတဦးတယောက်အား ထိုသူ၏သဘောတူညီချက်ဖြင့်
ထုတ်ဆောင်ခေါ်ယူခြင်းသည်ပြစ်မှု့မဟုတ်၊ သဘောတူညီချက်ဆိုရာ၌ ပုဒ်မ(၉၀) အရ ကြောက်ရွံ၍ဖြစ်စေ။အကြောင်း
ခြင်းရာအမှန်ကိုမသိ၍ဖြစ်စေ၊စိတ်ပေါ့သွတ်၍ဖြစ်စေ၊မူးယစ်ခြင်းကြောင့်ဖြစ်စေ၊လိမ်လည်လှည်ဖြားခြင်းခံရ၍ဖြစ်စေ
သဘောတူခြင်းသည် ဥပဒေအရသဘောတူရာမမြောက်ပေ။ အလားတူပင်အသက်(၁၂)နှစ်အောက်ကလေး၏သဘော
တူညီချက်သည် ဥပဒေနှင့်အညီ သဘောတူညီခြင်းမဟုတ်ပေ။ကလေး၏အုပ်ထိမ်းသူက အခြေအနေကိုအမှန်အကန်
သိ၇ှိပြီးပေးသောသဘောတူညီချက်သာ ဥပဒေနှင့်ညီညွတ်သောသဘောတူညီချက်ဖြစ်သည်ဟုဆိုနိုင်မည်ဖြစ်သည်။
(၂)ပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ (၃)ထုတ်ဆောင်ခြင်း
ပြည်ထောင်စုမြန်မာနိုင်ငံနယ်နမိတ်ကို ကျော်လွန်သည်သည်နှင့်တပြိုင်နက် လိုရာခရီးပန်းတိုင်သို့ မရောက်သေးစေကာမူ ဤပုဒ်မအရပြစ်မှု့မြောက်သည်။ မြန်မာနိုင်ငံ၏နယ်နမိတ်ကို ကျော်လွန်
ခြင်းမရှိမှီ အားထုတ်မှု့အဆင့်၌သာရှိသည်ဟု ဆိုနိုင်သည်။

ไม่มีความคิดเห็น:

แสดงความคิดเห็น