วันพุธที่ 7 กันยายน พ.ศ. 2554

ဥပဒေရေးရာ(၁)

knowledge ပြစ်မှု့ဆိုင်ရာဥပဒေပုဒ်မ(၃၅၉) လူခိုးမှု့
လူခိုးမှု့ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ လူကိုခိုးယူမှု့နှင့်ဥပဒေနှင့်အညီ
အုပ်ထိမ်းသူထံမှလူကိုခိုးယူမှု့ ဟူ၍ နှစ်မျိုးရှိသည်။
လူခိုးမှု့ကို နှစ်မျိုးနှစ်စားခွဲခြားထားသော်လည်းပြုလုပ်မှု့တခုသည် ထိုနှစ်မျိုးနှစ်စားလုံးတွင်အကျုံးဝင်နိုင်သည်။
ဥပမာ - အရွယ်မရောက်သေးသူကို ၄င်း၏အုပ်ထိမ်းသူထံမှ ပြည်ထောင်စုမြန်မာနိုင်ငံပြင်ပသို့ ခိုးယူလျှင်
ခိုးမှု့နှစ်မျိုးနှစ်စားလုံးနှင့်အကျုံးဝင်မည်ဖြစ်သည်။
လူခိုးမှု့သည် မတရားချုပ်နှောင်မှု့နှင့်ဆင်သည်။ မတရားချုပ်နှောင်မှု့ထက် ပိုမိုကြီးလေးသော
ပြစ်ဒဏ်သတ်မှတ်ထားခြင်းဖြစ်သည်။

ပြစ်မှု့ဆိုင်ရာဥပဒေပုဒ်မ(၃၆၀)
မည်သူမဆို တဦးတယောက်သောသူအား ထိုသူကိုယ်တိုင်ဖြစ်စေ၊ ထိုသူ့ကိုယ်စား ဥပဒေနှင့်အညီ
သဘောတူနိုင်ခွင့်ရှိသူကဖြစ်စေ၊ သဘောမတူဘဲပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ ထုတ်ဆောင်
သွားလျှင်ပြည်ထောင်စု့မြန်မာနိုင်ငံမှအပသို့ လူကိုခိုးယူသည်မည်၏၊
အထက်ပါပုဒ်မတွင်- (က) မြန်မာနိုင်ငံမှအပသို့ လူကိုခိုးယူခြင်း
(ခ) သဘောမတူခြင်း ဟူ၍နှစ်မျိုးခွဲခြားနိုင်သည်၊

ဥပဒေရေးရာ(၂) ဆက်လက်ဖေါ်ပြပါမည်၊

ไม่มีความคิดเห็น:

แสดงความคิดเห็น