วันอาทิตย์ที่ 25 กันยายน พ.ศ. 2554

ဖြစ်ရပ်မှန်များ(၁)

knowledge ထိုင်းနိုင်ငံအတွင်းရှိမြန်မာအလုပ်သမားများကို ယာယီနိုင်ငံကူးလက်မှတ်စတင်လုပ်ပေးသောအချိန်မှစ၍
ထိုင်းနှင့်မြန်မာလူမျိုး အချို့သည် အကျိုးဆောင်ပေးရာတွင်ပါဝင်လာကြသည် ထိုအခါ မြန်မာအလုပ်သမားများ ယာယီ
နိုင်ငံကူးလက်မှတ်ကို၇ရှိခဲ့ကြသူများလည်းများစွာရှိပါသည်။ သို့သော် အချို့သော အတ္တကိုဦးစားပေးသူများကြောင့်မြန်မာ
အလုပ်သမားများစွာမှာ ငွေကုန်ခြင်း၊စိတ်ဆင်းရဲရခြင်း၊သက်သေအထောက်အထားများပျောက်ဆုံးခြင်း၊အလုပ်သမား
ကဒ်သက်တမ်းကျော်လွန်သွားခြင်းများကို တွေ့မြင်သိရှိ၇ပါသည်။
(က) မြန်မာအလုပ်သမားများအားယာယီနိုင်ငံကူးလက်မှတ်လုပ်ဆောင်ပေးမည်ဟုဆိုကာစာရွက်စာတမ်းများနှင့်အတူ
အကျိုးဆောင်ခ တောင်းယူကြရာ-
(၁) အချို့အကျိုးဆောင်သူများမှာ- စာရွက်စာတမ်းများမှာ အတုဟုပြောဆိုကာ လမ်းစ ကိုအဆုံးသတ်သွားခဲ့သည်
သို့သော် ကြိုတင်ပေးထားသောလျောက်လွှာတင်ခငွေ ဆုံးရှုံးသွားတော့သည်။
(၂) အချို့သောအကျိုးဆောင်သူများမှာ- ပထမလျောက်လွှာတင်ခငွေ တောင်းယူပြီး - မကြာခင် မှာပင် တင်ထား
သောလျောက်လွှာပြန်ကြလာပြီဟု ဆိုကာ ကျန်သောငွေကိုပါ တောင်းယူသွားပါသည်။ ထိုနောက်
ရနောင်းလမ်းပိတ်ထားသည်ဟူ၍၄င်း၊ သံရုံးပိတ်ထားသည်ဟူ၍၄င်း မဆီမဆိုင်သောအကြောင်းပြ
ချက်ဖြင့် လိမ်လည်မှု့ပြုပါတော့သည်။ မြန်မာအလုပ်သမားများမှာ အချို.ငွေပြန်ရကြပြီး၊ အချို့ပေးထား
ငွေဆုံးရှုံးသွားကြပါသည်၊
(၃) ယာယီနိုင်ငံကူးလက်မှတ်အချို့သည် သက်တမ်း(၃)နှစ်ရရှိထားခဲ့ပြီး၊ဗီဇာ(၂)နှစ်ကုန်လျှင် နောက်ထပ်
ဗီဇာ(၂)နှစ်ရရှိရန်အတွက် သက်တမ်းမှာ(၁)နှစ်သာကျန်သည့်အတွက် သက်တမ်းနောက်ထပ်(၃)နှစ်
တိုးရန်လိုမည်ဖြစ်ပါသည်။ ယခင်(၃)နှစ် နောက်(၃)နှစ်ထပ်၍ တိုးခြင်းသာလျှင်ဖြစ်ပါသည်၊
ဤအချက်ကို နားလည်မှု့လွဲမှားစေ့ဆော်ခြင်းသော်၎င်း၊ အမှန်ကိုမလေ့လာ၍သော်၎င်း
နောက်ထပ်သက်တမ်း(၆)နှစ်တိုးပေးသည် ဟူ၍စာကပ်ကြေငြာထားသည်များလည်ရှိနေကြပါသည်။
မြန်မာအလုပ်သမားများအနေဖြင့် ၀မ်းရေးအတွက်ငွေကိုပင်ပန်းစွာ ရှာဖွေနေကြရသည်ကို ငဲ့ညှာလျှက်
မှန်ကန်စွာလမ်းညွှန်ျွှု့ပေးပါ၊ သင့်တော်သောအကျိုးဆောင်ခကို ယူစေခြင်းဖြင့် မြန်မာအလုပ်သမားများ
အပေါ်ကူညီမှု့ပေးနိုင်ကြပါစေ

วันพุธที่ 14 กันยายน พ.ศ. 2554

ဥပဒေရေးရာ(၂)

knowledge (က) မြန်မာနိုင်ငံမှအပသို့ လူကိုခိုးယူခြင်း။
ဤပုဒ်မသည် ပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ လူကိုခိုးယူမှု့အား အဓိပ္ပါယ်ဖွင့်ဆိုထားသော
ပုဒ်မဖြစ်သည်။ လူတဦးတယောက်အားထိုသူ၏ သလာတူညီချက်မရှိဘဲ ပြည်ထောင်စုမြန်မာနိုင်ငံ၏ နယ်နမိတ်ကို
ကျော်၍ထုတ်ဆောင်လျှင် ဤပုဒ်မအရပြစ်မှု့မြောက်သည်။ ယောက်ကျားဖြစ်စေ၊မိန်းမဖြစ်စေ၊အရွယ်ရောက်သည်
ဖြစ်စေ၊အရွယ်မရောက်သည်ဖြစ်စေ၊မည်သည့်လူမျိုးပင်ဖြစ်စေ၊ပြည်ထောင်စုမြန်မာနိုင်ငံပြင်ပသို့ ၄င်းကိုယ်တိုင်သဘော
မတူဘဲထုတ်ဆောင်လျှင် ဤပုဒ်မနှင့် အကျုံးဝင်မည်ဖြစ်သည်။ ထုတ်ဆောင်ခြင်းခံရသူသည် မြန်မာနိုင်ငံသားဖြစ်ရန်မလို
မြန်မာပြည်၌ အမြဲနေထိုင်သူဖြစ်ရန်မလို။
ဤပုဒ်မနှင့်အကျုံးဝင်ရန်အ၈င်္ါ(၃)ရပ်လိုပေသည်။
(၁)ထိုသူ၏သဘောမတူဘဲ (၂)ပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ (၃)ထုတ်ဆောင်ခြင်း ဖြစ်သည်။
(၁) ထိုသူ၏သဘောမတူဘဲ ဆိုရာတွင် လူတဦးတယောက်အား ထိုသူ၏သဘောတူညီချက်ဖြင့်
ထုတ်ဆောင်ခေါ်ယူခြင်းသည်ပြစ်မှု့မဟုတ်၊ သဘောတူညီချက်ဆိုရာ၌ ပုဒ်မ(၉၀) အရ ကြောက်ရွံ၍ဖြစ်စေ။အကြောင်း
ခြင်းရာအမှန်ကိုမသိ၍ဖြစ်စေ၊စိတ်ပေါ့သွတ်၍ဖြစ်စေ၊မူးယစ်ခြင်းကြောင့်ဖြစ်စေ၊လိမ်လည်လှည်ဖြားခြင်းခံရ၍ဖြစ်စေ
သဘောတူခြင်းသည် ဥပဒေအရသဘောတူရာမမြောက်ပေ။ အလားတူပင်အသက်(၁၂)နှစ်အောက်ကလေး၏သဘော
တူညီချက်သည် ဥပဒေနှင့်အညီ သဘောတူညီခြင်းမဟုတ်ပေ။ကလေး၏အုပ်ထိမ်းသူက အခြေအနေကိုအမှန်အကန်
သိ၇ှိပြီးပေးသောသဘောတူညီချက်သာ ဥပဒေနှင့်ညီညွတ်သောသဘောတူညီချက်ဖြစ်သည်ဟုဆိုနိုင်မည်ဖြစ်သည်။
(၂)ပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ (၃)ထုတ်ဆောင်ခြင်း
ပြည်ထောင်စုမြန်မာနိုင်ငံနယ်နမိတ်ကို ကျော်လွန်သည်သည်နှင့်တပြိုင်နက် လိုရာခရီးပန်းတိုင်သို့ မရောက်သေးစေကာမူ ဤပုဒ်မအရပြစ်မှု့မြောက်သည်။ မြန်မာနိုင်ငံ၏နယ်နမိတ်ကို ကျော်လွန်
ခြင်းမရှိမှီ အားထုတ်မှု့အဆင့်၌သာရှိသည်ဟု ဆိုနိုင်သည်။

วันศุกร์ที่ 9 กันยายน พ.ศ. 2554

knowledge: ရွေပြောင်းအလုပ်သမားများအတွက်-

knowledge: ရွေပြောင်းအလုပ်သမားများအတွက်-: ရွေ့ပြောင်းမြန်မာအလုပ်သမားများအားလုံးတရားဝင်ဖြစ်ရမည်၊ No Migrant Worker is illegal. -

knowledge
ထိုင်နိုင်ငံရောက်မြန်မာအလုပ်သမားများ ဘ၀မြင့်မားတိုးတက်လာစေရေး အလေးထားလျက် ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရခြင်း ကို မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်း ၊ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်သိန်း တို့က ရာဘာစက်ရုံတွင်ရှိသော မြန်မာအလုပ်သမားများအား ထိတွေ့ရှင်းလင်းပြခဲ့ကြသည်၊

ရွေပြောင်းအလုပ်သမားများအတွက်-

ရွေ့ပြောင်းမြန်မာအလုပ်သမားများအားလုံးတရားဝင်ဖြစ်ရမည်၊
No Migrant Worker is illegal.
-
ပုဇွန်မွေးကန်တနေရာ-

วันพุธที่ 7 กันยายน พ.ศ. 2554

future: ထိုင်းနိုင်ငံအတွင်းရှိမြန်မာအလုပ်သမားကလေးငယ်များ-

future: ထိုင်းနိုင်ငံအတွင်းရှိမြန်မာအလုပ်သမားကလေးငယ်များ-:      ထိုင်းနိုင်ငံတွင်ရောက်နေကြသောမြန်မာအလုပ်သမားဧ။်သားသမီးငယ်များကို စာပေ၊ဓလေ့၊ဘာသာ သင်ကြားပေးသော ဘ၀အရည်အသွေးမြှင့်တင်ရေးဌာနဟု ခေါ်တွင်ပြီး စူရပ်ဌာနီခရိုင်.ဖိုးဝိုင်ဘုန်းတော်ကြီးကျောင်းတွင်.ထူထောင်ခဲ့ပါသည်၊

knowledge: knowledge: ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်ရန်ဆွေ...

knowledge: knowledge: ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်ရန်ဆွေးနွေးကြစဉ်...: knowledge

knowledge

မြန်မာအလုပ်သမားများအတွက်ဖြေရှင်းပေးနေစဉ်

knowledge
ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခလာရှိ ပင်လယ်အစားအစာစက်ရုံတွင် အလုပ်သမားများ လုပ်ခနှင့်ပါတ်သက်သောအငြင်းပွါးမှု့ကို ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံမှူးကြီး ဦးမျိုးတင့်၊ အလုပ်သမားအရာရှိ ဦးကျော်ကျော်လွင် နှင့်အဖွဲ့က သွားရောက်ဖြေရှင်းပေးခဲ့စဉ်။

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်ရန်ရှင်းလင်းဆွေးနွေးမှု့မှတ်တမ်းများ၊

knowledge

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်ရန်ရှင်းလင်းဆွေးနွေးမှု့မှတ်တမ်းများ၊

knowledge

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်ကြစဉ်

knowledge

ယာယီနိုင်ငံကူးလက်မှတ်ပြုလုပ်နိုင်ရန်ရှင်းလင်းဆွေးနွေးမှု့မှတ်တမ်းများ၊

knowledge

၂၀၀၉ ခုနှစ်အောက်တိုဘာလ

knowledge ထိုင်းနိုင်ငံအတွင်းရောက်ရွေ့ပြောင်းမြန်မာအလုပ်သမားများအား တရားဝင်အလုပ်သမားများအဖြစ်
ဆောင်၇ွက်ပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံအစိုးရနှင့်မြန်မာနိုင်ငံအစိုးရတို့ပူးပေါင်းစီစဉ်ဆောင်ရွက်
ပေးမှု့ကို ရှင်းလင်းဆွေးနွေးသောမှတ်တမ်းတင်ဓါတ်ပုံများ၊

ဥပဒေရေးရာ(၁)

knowledge ပြစ်မှု့ဆိုင်ရာဥပဒေပုဒ်မ(၃၅၉) လူခိုးမှု့
လူခိုးမှု့ဆိုသည်မှာ ပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ လူကိုခိုးယူမှု့နှင့်ဥပဒေနှင့်အညီ
အုပ်ထိမ်းသူထံမှလူကိုခိုးယူမှု့ ဟူ၍ နှစ်မျိုးရှိသည်။
လူခိုးမှု့ကို နှစ်မျိုးနှစ်စားခွဲခြားထားသော်လည်းပြုလုပ်မှု့တခုသည် ထိုနှစ်မျိုးနှစ်စားလုံးတွင်အကျုံးဝင်နိုင်သည်။
ဥပမာ - အရွယ်မရောက်သေးသူကို ၄င်း၏အုပ်ထိမ်းသူထံမှ ပြည်ထောင်စုမြန်မာနိုင်ငံပြင်ပသို့ ခိုးယူလျှင်
ခိုးမှု့နှစ်မျိုးနှစ်စားလုံးနှင့်အကျုံးဝင်မည်ဖြစ်သည်။
လူခိုးမှု့သည် မတရားချုပ်နှောင်မှု့နှင့်ဆင်သည်။ မတရားချုပ်နှောင်မှု့ထက် ပိုမိုကြီးလေးသော
ပြစ်ဒဏ်သတ်မှတ်ထားခြင်းဖြစ်သည်။

ပြစ်မှု့ဆိုင်ရာဥပဒေပုဒ်မ(၃၆၀)
မည်သူမဆို တဦးတယောက်သောသူအား ထိုသူကိုယ်တိုင်ဖြစ်စေ၊ ထိုသူ့ကိုယ်စား ဥပဒေနှင့်အညီ
သဘောတူနိုင်ခွင့်ရှိသူကဖြစ်စေ၊ သဘောမတူဘဲပြည်ထောင်စုမြန်မာနိုင်ငံမှအပသို့ ထုတ်ဆောင်
သွားလျှင်ပြည်ထောင်စု့မြန်မာနိုင်ငံမှအပသို့ လူကိုခိုးယူသည်မည်၏၊
အထက်ပါပုဒ်မတွင်- (က) မြန်မာနိုင်ငံမှအပသို့ လူကိုခိုးယူခြင်း
(ခ) သဘောမတူခြင်း ဟူ၍နှစ်မျိုးခွဲခြားနိုင်သည်၊

ဥပဒေရေးရာ(၂) ဆက်လက်ဖေါ်ပြပါမည်၊