วันเสาร์ที่ 20 เมษายน พ.ศ. 2556

MOU အလုပ်သမားဆိုသည်မှာ-

MOU အလုပ်သမားများသည် တိုင်းတပါးနိုင်ငံတွင် အလုပ်သမားအခွင့်အရေးအပြည့်အ၀ရရှိရန်အတွက်
မြန်မာနိုင်ငံအတွင်းသေချာစွာလေ့ကျင့်ပြီးမှတရားဝင်စာရွက်စာရွက်စာတမ်းများကိုင်ဆောင်ကာဝင်ရောက်
လာကြသူများဖြစ်သည်။  မည်သို့ပင် ရည်ရွယ်ချက်ကောင်းမွန်စွာဖြင့်ဆောင်ရွက်ပါသော်လည်းအနည်းငယ်
မျှသောချို့ယွင်းချက်မှာရှိကောင်းရှိမည်ဖြစ်ပါသည်။ကျောက်ကောင်းမှန်လျှင်အနာမကင်းဟုသော ရှေးလူကြီး
များကပင်ဆိုရိုးပြုခဲ့ပါသည်။ 
    ယခင်ကတရားမ၀င်အလုပ်သမား(တောင်ကျော်)များအနေဖြင့် တပါးသူနိုင်ငံတွင် အသက်ပေါင်းများစွာ
စွန့်လွတ်ပြီး ၀မ်းတထွာအတွက် လုပ်ကိုင်စားသောက်ခဲ့ရပါသည်။ စာရေးသူ(၂၀၀၆)ခုနှစ်မှစပြီး နိုင်သမျှ
အလုပ်သမားရေးရာများကိုဆောင်ရွက်လာခဲ့သောအတွေ့အကြုံမှသိရသောဖြစ်ရပ်မှန်များပါ။
    ယခုကဲ့သို့ တရားဝင်အဖြစ်ဝင်ရောက်လာရသောအခါတွင်  အလုပ်ရှင်ဖက်မှ မမှန်ကန်သောလုပ်ရပ်ကို
မှန်ကန်စွာဖြေရှင်းရန်အတွက် မြန်မာအလုပ်သမားဖက်မှလည်းအလုပ်သမားဥပဒေဘောင်အတွင်းမှာရှိနေရန်
လိုပါသည်။ ဥပမာ- အလုပ်ရှင်မှလုပ်အားခ မှန်ကန်စွာမပေးသဖြင့်  အလုပ်မဆင်းနိုင်ဟုဆိုပါလျှင်-  MOU
အလုပ်သမားဥပဒေတွင် အလုပ်(၃)ရက်ဆက်တိုက် မဆင်းသောအလုပ်သမားအား အလုပ်ရှင်က အလုပ်မှ
ထုတ်ပယ်နိုင်သည်ဟုပြဆိုထားပါသည်။
     ထိုအတူ ၄င်းအလုပ်သမားသည် အလုပ်လုပ်နေရင်းမှ မိမိနစ်နာမှု့ကို သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး
အလုပ်သမားအရာရှိထံ တိုင်ကြားတောင်းဆိုနိုင်ပြီး၊မြန်မာအလုပ်သမားအရာရှိကလည်းပြေလည်သည်
အထိဖြေရှင်းပေးရမည်ဟုပြဆိုထားပြန်ပါသည်။    
     ထို့ကြောင့် ဥပဒေဧ။် အကူအညီကိုရယူလိုပါလျှင် ထိုသူသည် ဥပဒေဘောင်အတွင်းမှနေထိုင်ရန်လို
အပ်ပါသည်။ ထိုပြင်သက်တမ်းနုသေးသော နိုင်ငံခြားအလုပ်သမားတင်ပို့မှု့အစီအစဉ်ကိုလည်း လိုအပ်
သောအကြံပြုချက်မှတပါး အပင်မစိုက်မှီကအသီးစားလိုသောစေတနာမျိုးဖြင့်ကူညီမှုပြုလျှင် MOU
တင်သွင်းမှု့ကို အထောက်အကူမပြုနိုင်ပါ။ အဘယ်ကြောင့်ဆိုလျှင် နိုင်ငံတော်ကမြန်မာအလုပ်သမား
များအပေါ်ထားရှိသောတရားဝင်ဖြစ်စေသော(No Migrant Worker is Illegal.)စေတနာပျက်စီးစေမှာ
သာဖြစ်ကြောင်းအသိဖြင့်ဆင်ခြင်သင့်ပါကြောင်း-


 

ไม่มีความคิดเห็น:

แสดงความคิดเห็น