วันจันทร์ที่ 24 มิถุนายน พ.ศ. 2556

မန္တလေးမှဆင်းတုတော် ထိုင်းနိုင်ငံရောက်-

ဖိုဝိုင်ဆရာတော်`၏ ဆန္ဒအရ မြန်မာဘုရားဆင်းတုတော်ကို မြန်မာအလုပ်သမားများကိုးကွယ်ရန်အတွက်
ပင့်ဆောင်ပေးပါရန် မိန့်ကြားသဖြင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားအရာရှိ
ဦးကျော်ကျော်လွင်+ Dr မိုးဖြူဖြူအောင်  သားမောင်မြတ်ဘုန်းမြင့် တို့ က မန္တလေးမှ ဆင်းတုတော်အား
ပင့်ဆောင်လှူဒါန်းခဲ့ပါသည်၊(၂၀-၆-၂၀၁၃)

วันเสาร์ที่ 20 เมษายน พ.ศ. 2556

MOU အလုပ်သမားဆိုသည်မှာ-

MOU အလုပ်သမားများသည် တိုင်းတပါးနိုင်ငံတွင် အလုပ်သမားအခွင့်အရေးအပြည့်အ၀ရရှိရန်အတွက်
မြန်မာနိုင်ငံအတွင်းသေချာစွာလေ့ကျင့်ပြီးမှတရားဝင်စာရွက်စာရွက်စာတမ်းများကိုင်ဆောင်ကာဝင်ရောက်
လာကြသူများဖြစ်သည်။  မည်သို့ပင် ရည်ရွယ်ချက်ကောင်းမွန်စွာဖြင့်ဆောင်ရွက်ပါသော်လည်းအနည်းငယ်
မျှသောချို့ယွင်းချက်မှာရှိကောင်းရှိမည်ဖြစ်ပါသည်။ကျောက်ကောင်းမှန်လျှင်အနာမကင်းဟုသော ရှေးလူကြီး
များကပင်ဆိုရိုးပြုခဲ့ပါသည်။ 
    ယခင်ကတရားမ၀င်အလုပ်သမား(တောင်ကျော်)များအနေဖြင့် တပါးသူနိုင်ငံတွင် အသက်ပေါင်းများစွာ
စွန့်လွတ်ပြီး ၀မ်းတထွာအတွက် လုပ်ကိုင်စားသောက်ခဲ့ရပါသည်။ စာရေးသူ(၂၀၀၆)ခုနှစ်မှစပြီး နိုင်သမျှ
အလုပ်သမားရေးရာများကိုဆောင်ရွက်လာခဲ့သောအတွေ့အကြုံမှသိရသောဖြစ်ရပ်မှန်များပါ။
    ယခုကဲ့သို့ တရားဝင်အဖြစ်ဝင်ရောက်လာရသောအခါတွင်  အလုပ်ရှင်ဖက်မှ မမှန်ကန်သောလုပ်ရပ်ကို
မှန်ကန်စွာဖြေရှင်းရန်အတွက် မြန်မာအလုပ်သမားဖက်မှလည်းအလုပ်သမားဥပဒေဘောင်အတွင်းမှာရှိနေရန်
လိုပါသည်။ ဥပမာ- အလုပ်ရှင်မှလုပ်အားခ မှန်ကန်စွာမပေးသဖြင့်  အလုပ်မဆင်းနိုင်ဟုဆိုပါလျှင်-  MOU
အလုပ်သမားဥပဒေတွင် အလုပ်(၃)ရက်ဆက်တိုက် မဆင်းသောအလုပ်သမားအား အလုပ်ရှင်က အလုပ်မှ
ထုတ်ပယ်နိုင်သည်ဟုပြဆိုထားပါသည်။
     ထိုအတူ ၄င်းအလုပ်သမားသည် အလုပ်လုပ်နေရင်းမှ မိမိနစ်နာမှု့ကို သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံး
အလုပ်သမားအရာရှိထံ တိုင်ကြားတောင်းဆိုနိုင်ပြီး၊မြန်မာအလုပ်သမားအရာရှိကလည်းပြေလည်သည်
အထိဖြေရှင်းပေးရမည်ဟုပြဆိုထားပြန်ပါသည်။    
     ထို့ကြောင့် ဥပဒေဧ။် အကူအညီကိုရယူလိုပါလျှင် ထိုသူသည် ဥပဒေဘောင်အတွင်းမှနေထိုင်ရန်လို
အပ်ပါသည်။ ထိုပြင်သက်တမ်းနုသေးသော နိုင်ငံခြားအလုပ်သမားတင်ပို့မှု့အစီအစဉ်ကိုလည်း လိုအပ်
သောအကြံပြုချက်မှတပါး အပင်မစိုက်မှီကအသီးစားလိုသောစေတနာမျိုးဖြင့်ကူညီမှုပြုလျှင် MOU
တင်သွင်းမှု့ကို အထောက်အကူမပြုနိုင်ပါ။ အဘယ်ကြောင့်ဆိုလျှင် နိုင်ငံတော်ကမြန်မာအလုပ်သမား
များအပေါ်ထားရှိသောတရားဝင်ဖြစ်စေသော(No Migrant Worker is Illegal.)စေတနာပျက်စီးစေမှာ
သာဖြစ်ကြောင်းအသိဖြင့်ဆင်ခြင်သင့်ပါကြောင်း-


 
 14-4-2013 နေ့  စူရပ်ဌာနီမြို့ ဖိုးဝိုင်ဘုန်တော်ကြီး
ကျောင်းတွင် မြန်မာဘုန်းတော်ကြီး
အရှင်ပညာသာမိ   တရားဟောနေစဉ်။










၁၈-၄-၂၀၁၃ နေ့
စူရပ်ဌာနီခရိုင် ကော့စမွေကျွန်းမြို့တွင်
အလုပ်သမားအရာရှိ ဦးကျော်ကျော်လွင် နှင့်
ဆင်စီးကြစဉ်။


knowledge

วันอังคารที่ 16 เมษายน พ.ศ. 2556

၁၃၇၅ ခုနှစ် နှစ်သစ်ဦး မ၈င်္လာ



၁၃၇၅ ခုနှစ် နှစ်သစ်ဦးမှာ စူရပ်ဌာနီမြို့-ဖိုးဝိုင် ဘုန်တော်ကြီးကျောင်းတွင်(၁၄-၄-၂၀၁၃)ရက်နေ့က
ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ စုပေါင်းတရားပွဲကို လွတ်လပ်စွာကျင်းပနိုင်ခဲ့သည်


วันจันทร์ที่ 24 ธันวาคม พ.ศ. 2555

မြန်မာအလုပ်သမား၏ကလေးငယ်များ




ထိုင်းနိုင်ငံ စူရပ်ဌာနီခရိုင် ဖိုးဝိုင်ဘုန်တော်ကြီးကျောင်းတွင်ဖွင့်လှစ်ထားသော မြန်မာအလုပ်သမား၏
သားသမီးများအတွက် အခမဲ့မူလတန်းပညာသင်ခမ်းသို့ စူရပ်ဌာနီ အာချီဝ ကျောင်းမှကျောင်းသူများက
(၂၄-၁၂-၂၀၁၂)နေ့တွင် ပစည်းများလှူဒါန်းခြင်း၊ကလေးများနှင့်အတူကစားနေကြစဉ်။

วันพฤหัสบดีที่ 29 พฤศจิกายน พ.ศ. 2555

ရွေ့ပြောင်းအလုပ်သမားများသိရန်

      (၂၆-၁၁-၂၀၁၂) နေ့  ထိုင်းနိုင်ငံ ဘန်ကောက်မြို့  swiss hotel LE CONCORD HOTEL  တွင်
ကျင်းပသော (၁၂)ကြိမ်မြောက် ထိုင်းနိုင်ငံ မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးများအစည်းအဝေး တွင် ထိုင်းအလုပ်သမား ဒုဝန်ကြီးမှ  အတည်ပြု ပြောကြားရာတွင်- ရွေ့ပြောင်းအလုပ်သမားများ၏  ပတ်စပို့
- စာရွက်စာတမ်းများကို အလုပ်ရှင်များမှသိမ်းထားလျင် ဥပဒေ အရ တိုင်ကြားနိုင်ကြောင်းပြောကြားခဲ့သည်။  ထိုင်းဒုဝန်ကြီး ပြောခဲ့သည့် စကားအတိုင်းအကောင်အထည်
ဖေါ်နိုင်မည်လော - ထိုင်းဒုဝန်ကြီးပြောသည့်စကားအပေါ်တွင် သက်ဆိုင်ရာ အာဏာပိုင်အဆင့်ဆင့်
မည်မျှလိုက်နာကြမည်လော ဆိုသည်မှာစဉ်းသးစရာဖြစ်နေပါသည်။
ဥပမာ ဆိုရလျှင် နိုင်ငံကူးလက်မှတ်ရှိနေပြီး ယာဉ်မောင်းလိုင်စင်မရှိသူကို စစ်ဆေးတွေ့ရှိသည့်အခါတွင်
ယာဉ်မောင်းလိုင်စင်မရှိသည့်အတွက် ဒဏ်ငွေတပ်ရန်သာရှိသော်လည်း  ၄င်းကားကိုသိမ်းနိုင်သည်ဟူသော
မရှိသည့် ဥပဒေဖြင့် ခြိမ်းခြောက်ခြင်း။
         ယာယီနိုင်ငံကူးပြုလုပ်ရန် ယာယီနိုင်ငံကူးပြုလုပ်ပေးသောရုံးသို့ သွားသောမြန်မာအလုပ်သမား
များ၏ကားကိုစစ်ဆေးရာတွင်လည်း  ထိုင်းနိုင်ငံ၏အမြင့်ဆုံးဌာန (မဟာထိုင်း)မှထုတ်ပေးထားသော
အမိန့်စာရွက်များ၊ မြန်မာအလုပ်သမားတိုင်းတွင်လည်း စာရွက်စာတမ်းအထောက်အထားများပြနိုင်
ပါသော်လည်း စူရပ်ဌာနီခရိုင်တွင် ဘတ်ငွေ(၁၅၀၀၀)တောင်းယူလိုက်ခြင်းများသည် ဗဟိုအစိုးရ၏
အာဏာသည် ပြည်နယ်အစိုးရများသို့ သက်ရောက်မှု့မရှိကြောင်းသက်သေပြသလိုမြင်နေရသည်။